ဝက်လက် ဇန်နဝါရီ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမောင်းနိန်နှင့် မီးသတ် တပ်ဖွဲ့ဝင်များသည် မီးဘေးကြိုတင်ကာကွယ်ရေးတွက် ယနေ့ နံနက် ၈ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်းကာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
မြို့ပေါ် ရပ်ကွက်များရှိ မီးသတ်ရေကန်များအား အမိုးများပြုလုပ်ကာ မီးသတ်ရေ လဲလှယ် ဖြည့်တင်းခြင်း၊ နေအိမ်များနှင့် ရပ်ကွက်အတွင်း မီးလောင်လွယ်သော အမှိုက်များ ကင်းရှင်း စေရေး ဆောင်ရွက်ခြင်း၊ မီးလောင် စေနိုင်သော ပစ္စည်းများ သိုလှောင်ထားခြင်း ရှိ မရှိ စစ်ဆေးခြင်း လုပ်ငန်းများကို မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်လက်ပြီး အသိပညာပေးလုပ်ငန်းများကို ကျေးရွာများ အရောက်ကွင်းဆင်းကာ ကျေးရွာ များရှိလူနေအိမ် များအား တစ်အိမ်ဆင်း၊ တစ်အိမ်တက် သွားရောက်ကာ မီးဘေးကြိုတင် ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။
စိုးစိုးလှိုင်( ဝက်လက်)