ရန်ကုန် ဒီဇင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန်ကျန်ရှိသော အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းပေးကို ယမန်နေ့နံနက် ၉ နာရီမှ စတင်ကာ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂၄) မူလွန်ကျောင်းတို့တွင် ဆက်လက် ထိုးနှံပေးရာ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျောင်းသားကျောင်းသူ ၈၈၇ ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများကို အောက်တိုဘာ ၁၇ ရက်နှင့် ၁၈ ရက်နေ့တို့တွင် စတင်၍ သတ်မှတ်ဆေးထိုးစုရပ်နေရာများတွင် ထိုးနှံပေးခဲ့ပြီး ယနေ့တွင် ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးခြင်းဖြစ်သည်။
ကျောင်းသားကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျောင်းသား/သူများ၏ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် ရယူခြင်း၊ စာရင်းရေးသွင်းခြင်း၊ အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းနှင့် သွေးတွင်း အောက်ဆီဂျင် တိုင်းတာခြင်းများ ပြုလုပ်ပေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး ခဲ့ပြီးနောက် ကာကွယ်ဆေး ထိုးနှံပြီးသည့် ကျောင်းသား/သူများအား မိနစ်(၃၀)ခန့် အနားယူစေပြီး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ပေးခဲ့ကြသည်။
မြင့်မြင့်ရီ