ငွေဆောင် ဒီဇင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် မြို့သန့်ရှင်းသာယာလှပရေးနှင့် ပြည်သူ များ စည်းကမ်းလိုက်နာနိုင်ရန်၊ လမ်းဘေးဝဲယာတွင် စည်းကမ်းမဲ့အမှိုက်များ မစွန့်ပစ်ရန် အသိပေးဆိုင်းဘုတ်များစိုက်ထူခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ငွေဆောင်မြို့ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသက်မင်းဦးနှင့် ဝန်ထမ်းများမှ ငွေဆောင်မြို့ အဝင်လမ်းတစ်လျှောက် လမ်းဘေးဝဲယာတွင် စည်းကမ်းမဲ့အမှိုက်မစွန့်ပစ်ရန် အသိပေးဆိုင်းဘုတ်အား စိုက်ထူခဲ့ကြောင်းသိရသည်။
မူမူ(ငွေဆောင်)