ကျောက်ဖြူ ပညာရေးဒီဂရီကောလိပ်၌ လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာ သင်တန်း (PPTT) အမှတ်စဉ် (၇/၂၀) ဖွင့်ပွဲအခမ်းအနားကျင်းပ

ကျောက်ဖြူ  ဒီဇင်ဘာ ၂၉

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ကျောက်ဖြူပညာရေး ဒီဂရီကောလိပ်၌ လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ်ပညာ သင်တန်း (PPTT) အမှတ်စဉ် (/၂၀) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် နာရီက ကျောက်ဖြူ ပညာရေးဒီဂရီကောလိပ်ရှိ ပညာတန်ဆောင်ခန်းမ၌ ကျင်းပပြုလုပ် သည်။

ရှေးဦးစွာ ကျောက်ဖြူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်က အဖွင့်အမှာစကား ပြောကြားပြီး ကျောက်ဖြူပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်မီမီဝင်းက ဆရာ၊ ဆရာမများသည် အနာဂတ်ကလေးများ၏ လမ်းပြကြယ်များဖြစ်သဖြင့် စိတ်ဓါတ်၊ စည်းကမ်း၊ ပညာအရည်အသွေး ပြည့်ဝရန် လိုအပ်ကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် ဆရာအတတ်ပညာဆိုင်ရာ အသိပညာများရရှိစေရန်၊ ပညာရေးဆိုင်ရာ ဘာသာရပ်များအား သိရှိနားလည်စေရန်နှင့် မိမိတို့၏ တာဝန်နှင့်လုပ်ငန်းများကို ကျွမ်းကျင်မှုရှိစေရန် ကြိုးစားသင်ယူကြစေလိုကြောင်း၊ အနာဂတ်နိုင်ငံတော်အတွက် လိုအပ်သည့် ထူးချွန် ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွန်းလာအောင် ဆရာ၊ ဆရာမများမှ ကြိုးပမ်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း စသည့် သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ အကျယ်တဝင့်ရှင်း လင်းပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောက်ဖြူပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက် ခဲ့ကြသည်။

လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ်ပညာသင်တန်း (PPTT)သင်တန်းကို ရခိုင် ပြည်နယ်အတွင်းရှိ မြို့နယ်များမှ သင်တန်းသား၊ သင်တန်းသူ  ၄၂၇ ဦးတို့မှ တက်ရောက် သင်ယူလျက်ရှိပြီး  သင်တန်းကာလမှာ ၁၅-၁၂-၂၀၂၁ ရက်နေ့မှ --၂၀၂၂ ရက်နေ့အထိ နှစ်လကျော်ကြာ သင်ကြားပို့ချပေး သွားမည်ဖြစ်ကြောင်း သိရသည်။

တင်ထွန်းဦး၊ဖြိုးဝေလင်း