ဘူးသီးတောင် ဇန်နဝါရီ ၅
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာ ဖတ်ကြားပွဲကို ယမန်နေ့ နံနက်(၇) နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရုံးဝန်းအတွင်း၌ ကျင်းပသည်။
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပေးပို့သော ၂၀၂၂ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေး မှ ဖတ်ကြားသည်။
သဝဏ်လွှာဖတ်ကြားပွဲ အခမ်းအနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူမျာ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများ(၆၀)ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများက ဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေသော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ ခဲ့ကြောင်း သိရသည်။
အဆိုပါလက်ကမ်းစာစောင်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သော မိန့်ခွန်း ကောက်နုတ်ချက်များ၊ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ဝန်ကြီးချုပ် ဦးနုပြောကြားခဲ့သော မိန့်ခွန်း ကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းကောက်နုတ်ချက်၊ မြန်မာ့လွတ်လပ်ရေးကာလ တစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကဗျာ၊ ကာတွန်းနှင့် သိမှတ်ဖွယ်ရာများ ပါဝင်သည့် သတင်းစကားလက်ကမ်း စာစောင်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ရည်ရွယ်၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲ အခမ်းအနား၊ လူစည်ကားရာနေရာများနှင့် အနောကွင်း စျေးတို့၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲအဖြစ် အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ ဘူးသီးတောင်မြို့ မြို့မအားကစားကွင်း၌ မုန်းကိုက်၊ ပူစီပေါင်းဖေါက်၊ ကင်းပြီးကောက်၊ ခြေပူး၊ ဂုန်နီအိတ်စွပ်၊ မီတာ(၁၀၀)၊ ကွမ်းသီးကောက်၊ အပ်ချည်ထိုး၊ သံဗူးရိုက်ပြိုင်ပွဲများ ကျင်းပလျက်ရှိကြောင်း သိရသည်။
လှကျော်(ပြန်/ဆက်)