ကွန်ဟိန်းမြို့၌  (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့  သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားဆောင်ရွက်

ကွန်ဟိန်း ဇန်နဝါရီ ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာ ဖတ်ကြားခြင်းနှင့် ဆုချီးမြှင့် အခမ်းအနားအား ယမန်နေ့ ၇ နာရီ၌ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။    

ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ပေးပို့လာသော သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဝင်းနိုင်က  ဖတ်ကြားခဲ့သည်။ ယင်းနောက် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိခဲ့သူများအား ဆုများချီးမြှင့်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဝင်းနိုင်နှင့် အဖွဲ့ဝင်များ၊  ဌာနဆိုင်ရာအကြီးအကဲများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်နေပြည်သူများ  တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပြည့်(ပြန်/ဆက်)