ရေနံချောင်းမြို့၌ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာ ဖတ်ပွဲကျင်းပ

ရေနံချောင်း ဇန်နဝါရီ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရေနံချောင်းမြို့ ဗိုလ်ချုပ်ပန်းခြံနှင့် မြို့မကျောင်းအလယ်ရှိ လွတ်လပ်ရေး ကျောက်တိုင် ကွင်းတွင် ကိုဗစ်-၁၉ကာလ သတ်မှတ် ညွှန်ကြားချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် နိုင်ငံတော်အလံ လွှင့်တင်ခြင်းနှင့် အလေးပြုခြင်းကို ဇန်နဝါရီလ ရက် နံနက် နာရီ မိနစ် ၂၀ က မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့နယ်ဂုဏ်ပြုရဲတပ်ဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းအောင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင်() ဗိုလ်မှူးသန်းဌေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများက တက်ရောက် အလေးပြုခဲ့ကြသည်။

ဆက်လက်၍ နံနက် နာရီတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာကို ရေနံချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းအောင် က ဖတ်ကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)