တံတားဦးမြို့နယ်တွင်အခြေခံပညာကျောင်းများ၌ ပထမနှစ်ဝက်စာမေးပွဲဖြေဆိုစစ်ဆေးခြင်း အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိ

တံတားဦး ဇန်နဝါရီ ၇

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာအဆင့်အလိုက် သင်ယူ တက်မြောက်မှုများအား မူလတန်းအောက်အဆင့် Grade-1(သင်ရိုးသစ်)မှ Grade-11 (သင်ရိုးဟောင်း)အထိ (ပထမ)နှစ်ဝက်ကို ဇန်နဝါရီလ (၅ ရက်နေ့မှ ၇)ရက်နေ့အထိ တစ်နေ့လျှင် (၂)ဘာသာနှုန်းဖြင့် စာသင်ချိန် တစ်ချိန်(၄၅)မိနစ်စီဖြင့် သက်ဆိုင်ရာကျောင်းအလိုက် ဆက်လက်ဖြေဆိုလျက်ရှိရာ ယနေ့(တတိယနေ့)တွင် အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

တံတားဦးမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၁၂၁)ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ပေါင်း(၁၀)ကျောင်းတို့တွင် မူလတန်းအဆင့် စနစ်သစ် Grade-1 ၊ Grade-2 နှင့် Grade-3 ကျောင်းသား ၊ ကျောင်းသူများကို အတန်းတွင်း စစ်ဆေးအကဲဖြတ်ခြင်းပြုလုပ်သွားမည်ဖြစ်ကြောင်း၊ အခြေခံပညာကျောင်း များမှ မူလတန်းအဆင့် Grade-4 မှစ၍၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ တို့မှ ပထမနှစ်ဝက် စာမေးပွဲကို စစ်ဆေးအကဲဖြတ် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပထမနှစ်ဝက်စာမေးပွဲကို သက်ဆိုင်ရာ ကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများက ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ကျောင်းသား ၊ ကျောင်းသူများမှ အေးချမ်းစွာ ဖြေဆိုကြောင်း သိရသည်။

ရဲတင့်(တံတားဦး)