ညောင်ဦး ဇန်နဝါရီ ၇
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် (Omicron) အပါအဝင် ကိုဗစ်-၁၉ ဗီဇပြောင်း ရောဂါကူးစက်ပြန့်ပွားမှု လျော့ကျစေရန်ရည်ရွယ်၍ အသိပညာပေးနှိုးဆော် ခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီအချိန်က မြို့ပေါ်ရပ် ကွက်များရှိ လူစည်ကားရာနေရာများသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ ညောင်ဦးမြို့နယ် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် လိုက်လံနှိုးဆော်ပေးလျက် ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ညောင်ဦးမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် လက်ရှိ ဖြစ်ပေါ်နေသော (Omicron) အပါအဝင် ကိုဗစ်-၁၉ ဗီဇပြောင်းရောဂါ ကူးစက်ပြန်ပွားမှု ရောဂါ ကာကွယ်နိုင်ရန်အတွက် အတတ်နိုင်ဆုံး အိမ်တွင်သာနေထိုင်ကြရန်၊ ပြင်ပ ဧည့်သည်များလက်မခံရန်၊ အခြားသူများထံသို့သွားရောက် လည်ပတ်ခြင်းမပြုရန်၊ နေအိမ်အပြင်ထွက်ခွာပါက ပါးစပ်နှင့်နှာခေါင်းစည်း စနစ်တကျ တပ်ဆင်သွားရန်၊ နှာခေါင်းစည်း တပ်ဆင်ထားခြင်း မရှိသူများနှင့် စကားပြောဆိုခြင်း၊ နှာခေါင်းစည်း မတပ်ပဲဈေးရောင်းသူများထံမှ ဈေးမဝယ်ယူရန်၊ တစ်ဦးနှင်တစ်ဦး တပ်နိုင်သမျှ ခပ်ခွာခွာ နေရန်၊ လက်ကိုဆပ်ပြာဖြင့်စက္ကန့် ၂၀ ကြာ၊ မကြာခဏဆေးကြောရန်၊ လူစုလူ ဝေးရှောင်ရှားရန်၊ သက်ကြီးရွယ်အိုများ၊ ဆီးချို၊ သွေးချိုနှင့်နှလုံးရောဂါ အခံရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ်ထိခိုက်နိုင်သဖြင့် ဂရုပြုနေထိုင်ကြရန်၊ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာ ရေးဌာနများ သို့ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှထုတ် ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေး လမ်းညွှန်ချက်များကို ပြည်သူအားလုံးက ကိုယ်စီ လိုက်နာကြရန် နှိုးဆော်ခဲ့ကြောင်း သိရသည်။
ကိုထိန်၊KPD