လိပ်သိုဒေသတွင် တံမြက်စည်းများ နေ့စဉ်ခုတ်ယူရောင်းချခြင်းဖြင့် ဒေသခံအခြေခံလူတန်းစားများ မိသားစုအပိုဝင်ငွေရရှိ လိပ်သို

လိပ်သို ဇန်နဝါရီ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသရှိ  ကျေးရွာအုပ်စုအချို့တွင်  နေထိုင်ကြသော  ဒေသခံအခြေခံလူတန်းစားများမှ    ဒေသထွက်  သဘာဝတံမြက်စည်းများကို   ခုတ်ယူရောင်းချခြင်းဖြင့်   မိသားစုအပိုဝင်ငွေ ရရှိကြောင်း သိရသည်။

အဆိုပါ  တံမြက်စည်းပင်များသည်   မြို့နှင့်ဝေးသောတောင်ပေါ်ဒေသများတွင်   သဘာဝအတိုင်း ပေါက်ရောက်လျက်ရှိပြီး  နေရာကွက်ကြား သော်လည်းကောင်း၊ အစုလိုက်အပြုံလိုက် သော်လည်း ကောင်း  ပေါက်ရောက်လျက်ရှိသည်။  အဆိုပါ   တံမြက်စည်းပင်များကို   ကျေးလက်နေ အခြေခံ လူတန်းစားများက   မိသားစုဝင်ငွေအပိုရရှိရန်   နေ့စဉ်သွားရောက်  ရှာဖွေခုတ်ယူစုဆောင်းပြီး  ရရှိလာ သော တံမြက်စည်းများကို နေပူလှန်းကာ  အပွင့်ခိုင်များ  ချွေရပါသည်။ ပြီးလျှင် ဒေသတွင်းရှိ  တံမြက်စည်းအဝယ်ဒိုင်များထံ သွားရောက်ရောင်းချရာ   အစိုတစ်ပိဿာလျှင် ၄၀၀ ကျပ်၊ အခြောက် တစ်ပိဿာလျှင် ၃၀၀၀ ကျပ်အထိရရှိ၍   ဒေသခံအခြေခံလူတန်းစားများ   စားဝတ်နေရေးအတွက်  အဆင်ပြေ လျက်ရှိကြောင်း  သိရှိရသည်။

မြို့  (ပြန်ဆက်)