ထိုင်းနိုင်ငံမှ နေရပ်ပြန် မြန်မာအလုပ်သမား (၁၄၅) ဦးကို တာဝန်ရှိသူများက နေရပ်သို့ ပြန်လည်ပို့ဆောင်ပေး

တာချီလိတ်  ဇန်နဝါရီ   ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးအပ်လာသည့် နေရပ်ပြန်​မြန်မာနိုင်ငံသားများအား တာဝန်ရှိသူတို့က ယမန် နေ့မွန်းလွှဲပိုင်းက မော်တော်ယာဉ်များဖြင့် မိမိနေရပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ နေရပ်ပြန်မြန်မာနိုင်ငံသားများသည် ရွှေ့​ပြောင်းအလုပ်သမားများနှင့် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံရာမှ လွတ်မြောက်လာသူများဖြစ်ပြီး  ဒီဇင်ဘာလ(၃၀)ရက်က ထိုင်းနိုင်ငံမှ မြန်မာ-ထိုင်းချစ်ကြည်ရေး တံတား(၂)မှတဆင့် ပြန်လည်လွှဲပြောင်းပေးကြသူများဖြစ်၍ ဝမ်လုံး (Quarantine Centre)၌ထားရှိကာ သတ်မှတ်ရက်များအတွင်း ကျန်းမာရေးစစ်ဆေးပြီးနောက် Covid-19 ရောဂါပိုးကင်းစင်ကြောင်း အတည်ပြုချက်ရရှိသဖြင့် တာဝန်ရှိသူများက ယခုကဲ့သို့ ပြန် လည်ပို့ဆောင်ပေးခြင်းဖြစ်သည်။

နေရပ်ပြန်ပို့မည့် မြန်မာအလုပ်သမားများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦးကျော်နှင့် တာဝန်ရှိသူက သွားရောက်ကြည်ရှု့၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကြပြီး မော်တော်ယာဉ်များဖြင့် မိမိနေရပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

ယာဆေး ( ပြန်/ဆက်)