အိမ်မဲ ဇန်နဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ ယာဥ်စည်းကမ်းလမ်းစည်းကမ်းနှင့်ကိုဗစ်(၁၉)မျိုးရိုးဗီဇကွဲ (Omicron)ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းတပ်ဆင်မှုရှိ/မရှိစစ်ဆေးခြင်းကို ယမန်နေ့ ညနေ(၃)နာရီအချိန်ကဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုကဲ့သို့ဆောင်ရွက်ရာတွင် အိမ်မဲမြို့နယ် ကိုဗစ်(၁၉)ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ အဖွဲ့နှစ်ဖွဲ့ခွဲ၍ မြို့အတွင်းသို့ဝင်ရောက်လာသည့်ထော်လာဂျီများ အားသတ်မှတ်ထားသည့်နေရာမှမဝင်ရောက်ပဲစည်းကမ်းမဲ့ဝင်ရောက်လာသူများ၊ဆိုင်ကယ်စီးအုပ်ထုပ်မဆောင်းပဲစီးနင်းသူများ တို့ကို ပထမအကြိမ်အနေဖြင့် သတိပေး ကာလဆောင်ရွက်ခြင်းဖြစ်ပြီး ကိုဗစ်(၁၉)မျိုးရိုးဗီဇကွဲ (Omicron)ကြိုတင်ကာကွယ် ရေးအတွက်ပြည်သူများအနေဖြင့်အပြင်ထွက်သွား လာရာ၌ ပါးစပ်နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိပဲသွားလာသူများကို "ယခုဝယ်၊ယခုတပ်"စနစ်ဖြင့်စစ်ဆေးအယူဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ချစ်သက်လယ်