လိပ်သိုမြို့၌ ရာသီမရွေးစိုက်ပျိုးနိုင်သော ဂေါ်ရခါးသီးပင်များ အောင်မြင်ဖြစ်ထွန်း၍ စိုက်ပျိုးသူများ မိသားစု အပိုဝင်ငွေ ရရှိ

လိပ်သို ဇန်နဝါရီ ၁၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ရာသီမရွေးစိုက်ပျိုးနိုင်သော ဂေါ်ရခါးသီးပင်များ  အောင်မြင်ဖြစ်ထွန်း၍ မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။

ထိုဂေါ်ရခါးသီးပင်များကို မိမိတို့အိမ်ခြံဝင်းအတွင်း အစေ့မှပျိုး၍ အညွှန့်တက်လာပါက စင်ပေးကာ တစ်ပိုင်တစ်နိုင် စိုက်ပျိုး ကြပြီး ပုံမှန်ရေလောင်းပေးခြင်း၊ ပျိုးထောင်ပေးခြင်းများ   ပြုလုပ်ပေးပါက   အညွှန့်ရော အသီးပါ တစ်နှစ်ပတ်လုံး စားသုံးနို်ငကြောင်းဂေါ်ရခါးသီးများကို တစ်လုံးလျှင် ကျပ် ၁၀၀၊ တစ်ပိဿာလျှင် ကျပ်တစ်ထောင်နှုန်း၊ အညွှန့်တစ်စီးလျှင် ၃၀၀ ကျပ်နှုန်းဖြင့် လက်လီရောင်းချကာ မိသားစုအပိုဝင်ငွေရရှိကြောင်း စိုက်ပျိုးသူဒေသခံ တောင်သူတစ်ဦးထံမှ သိရသည်။

မြို့ ပြန်/ဆက်