တောင်သာ ဇန်နဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမ၌ အပတ်စဉ် အင်္ဂါနေ့တိုင်း စာဖတ်ဝိုင်းကျင်းပလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်က စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်သာမြို့နယ် ရုံးဝန်ထမ်းများပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ ကံဆိုသည်မှာ စေတနာ မုဒိတာအမှာစာများ စာအုပ်ဖတ်ရှုပြီး စာဖတ်ဝိုင်းကျင်းပကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးမှူး ဦးရဲဝင်အောင်က စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးနှင့် စာပေဖတ်ရှုသည့် အလေ့အထကောင်းရရှိစေရန် စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) မှ အသင်းဝင်များဖြစ်သည့် ဒေါ်တင်တင်ထွေးက ကံဆိုသည်မှာ စေတနာ၊ ဦးညီညီမင်းက မောင်အုန်းဖေ၏ ဒီဟာအစ ဒီလိုဗျ၊ ဒေါ်သိမ့်သိမ့်အေးက သော်တာဆွေ၏ ရာပြည့်အမှတ်တရ လွမ်းတသသ၊ ဒေါ်ဌေးဌေးဝင်းက ချစ်စံဝင်း၏ ငယ်ငယ်တုန်းက ရစ်ကန်ကြီးရွာမှာ စသည့် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် ကံဆိုသည်မှာ စေတနာ မုဒိတာအမှာစာများ စာအုပ်ပါခေါင်းစဉ်များအလိုက် မိမိတို့ ဖတ်ရှုလေ့လာနားလည်မှုများအား အသိပညာဗဟုသုတများမျှဝေနိုင်ရန် အပြန်အလှန် ရှင်းလင်းဆွေးနွေးကြကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)