ကျိုက်ဒုံမြို့၌ သတ္တမအသုတ်၊ ပထမအကြိမ် အသက် ၁၈ နှစ်နှင့်အထက် ပြည့် ပြည်သူ (၂၉၇) ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

ကျိုက်ဒုံ ဇန်နဝါရီ ၁၁

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ဟောင်သရောခန်းမ၌ ယနေ့နံနက် ၉ နာရီက မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော်၊ တိုက်နယ်ဆရာဝန် ဒေါက်တာမန်းမင်းနိုင်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများမှ ကျိုက်ဒုံမြို့ပေါ်နှင့် ကျေးရွာများ တွင် နေထိုင်သည့် အသက် ၁၈ နှစ်နှင့်အထက် ပြည့်ပြီး ပြည်သူ (၆၆) ဦး၊ ယမန်နေ့က (၂၃၁) ဦးစုစု ပေါင်းပြည်သူ (၂၉၇) ဦးအား  သတ္တမအသုတ်၊ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးရန်လာရောက်သည့် ပြည်သူများကို ကျိုက်ဒုံမြို့အုပ်ချုပ်ရေးမှူးရုံးမှ စာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ တာဝန်ရှိသူများမှ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ စာရင်းရေးသွင်းခြင်း၊ လိုအပ်သည်များကို ကူညီပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျိုက်ဒုံမြို့ပေါ် နှင့် ကျေးရွာနေ ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင့် သိရသည်။

သန်းထွန်းနိုင်(ကျိုက်ဒုံ)