လိပ်သို ဇန်နဝါရီ ၁၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသသည် ဥယျာဉ်ခြံလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး နနွင်းစိုက်ပျိုးခြင်းသည်လည်း ဥယျာဉ်ခြံ လုပ်ငန်းတွင် တစ်ခုအပါအဝင်ဖြစ်သည်။
လိပ်သိုဒေသရှိ ကျေးရွာများတွင် မီးဖိုချောင်သုံးပစ္စည်းဖြစ်သည့် ဒေသမျိုးနနွင်းများကို မိသားစုအပိုဝင်ငွေရရှိစေရန် စိုက်ပျိုးထားကြပြီး ယခုအခါ စတင်တူးဖော် ရောင်းချလျက်ရှိသည်။ အဆိုပါ နနွင်းအစိုများအား ယခင်နှစ်ထက် ယခုနှစ်တွင် ပိုမိုအဝယ်လိုက်၍ နနွင်းရောင်းဝယ်သူများက နနွင်းအစိုတစ်ပိဿာလျှင် ငွေကျပ် ၃၅၀ မှ ၄၅၀ကျပ်ထိ ဝယ်ယူလျက်ရှိကြောင်း၊ နနွင်းအစိုဝယ်ယူသူများက နနွင်းတက်အခြောက်ပြုလုပ်ကာ တောင်ငူမြို့ရှိ ပွဲရုံများသို့ ပို့ဆောင်ရောင်းချကြောင်း ဒေသခံတစ်ဦး၏ပြောပြချက်အရ သိရသည်။
ယခင်ကာလများက ဒေသခံတောင်သူများသည် နနွင်းကို တစ်ပို်ငတစ်နိုင်စိုက်ပျိုးခဲ့ကြရာမှ စိုက်ပျိုးရေးဦးစီးဌာန၏ အခါအားလျော်စွာ နည်းပညာသင်တန်း အသိပညာပေးမှုများကြောင့် ယခုအခါ မိမိတို့၏ ဥယျာဉ်ခြံမြေကွက်များ၌ နနွင်းကို စီးပွားဖြစ် တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည်။
မြို့ (ပြန်/ဆက်)