အမြို့မြို့အနယ်နယ်သတင်းများ

Aug 01,2021
ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ မြစ်ကွေ့ပရိယတ္တိစာသင်တိုက်၊ မိုးကောင်းပရိယတ္တိ စာသင်တိုက်နှင့်   ကျောင်းတိုက်အသီးသီး မှ သာသနာ့နွယ်ဝင်ဆရာတော် ၊ သံဃာတော် များအား ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ဟင်္သာတမြို့၊  မြစ်ကွေ့ကျောင်းပရိယတ္တိ စာသင်တိုက် တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်းသိရသည်။
Aug 01,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ရှိ တိုက်ရှောင်စခန်းများသို့ လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ  ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်နိုင်ရန် အတွက်  ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ် ကြက်ခြေနီအသင်းခွဲတပ်ဖွဲ့ဝင်များက အဆိုပါတိုက်ပွဲရှောင်စခန်းနေရာများသို့ သွားရောက်ပြီး ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
Jul 31,2021

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်း ရပ်ကွက် /ကျေးရွာများရှိ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် အသက် ၁၈နှစ်အထက် ဆရာတော်၊ သံဃာတော်များကို ယနေ့နံနက် ၉နာရီအချိန်က ကာကွယ်ဆေးထိုးနှံပေးသည့် စုရပ်သုံးနေရာ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တစ်ပြိုင်နက်တည်း စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

Jul 31,2021

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ကနန်းဒေသအတွင်း ယနေ့နံနက် (၇)နာရီအချိန်ခန့်မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မူးမြစ်ရေကြီးရေလျှံ ဖြစ်ပွားခဲ့ပြီး ကျေးရွာအချို့ လူနေအိမ်များ ရေဝင်ရောက်မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

Jul 31,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရပ်ကွက်/ကျေးရွာများရှိ လူနေအိမ်များသို့ ရေဝင်ရောက်ခဲ့ရာ ရေဘေးရှောင်စခန်းများသို့ ပြောင်းရွှေ့ နေထိုင်သည့် အိမ်ထောင်စုများအတွက် ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ လှူဒါန်းထားသည့် စားသောက်ကုန်ပစ္စည်းများကို ယမန်နေ့ ညနေ ၄နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Jul 31,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ နေမိုးအား ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ဇူလိုင် ၃၁ ရက်က တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြအပ်ပါသည်
Jul 31,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်အတွင်းရှိ အမှတ်(၂) အခြေခံပညာ အထက်တန်း ကျောင်း ၊ မြစည်းခုံ သာသနာ့ဗိမာန်(ဟောင်း) ၊ ဂယ်ခိုဂယ်ဘား ခရစ်ယာန်ဘုရားကျောင်း နှင့် ကေတုမတီမြို့သစ် အထက်တန်းကျောင်း နေရာများတွင် ယနေ့နံနက်ပိုင်းမှစ၍ အသက်(၆၅) နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ နှင့် ဦးစားပေး ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ ကာကွယ်ဆေး  ပထမအကြိမ်အဖြစ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။