မြောက်ဦးပေါ်၌ ယာဉ်တိုက်မှုအန္တရာယ် လျော့ချနိုင်ရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်း၊ အသိပညာပေးဆောင်ရွက်

မြောက်ဦး ဇန်နဝါရီ  ၁၃

ရခိုင်ပြည်နယ် ၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်း၌ ယာဉ်မတော်တဆမှုများကြောင့် ထိခိုက်သေဆုံးမှု မရှိစေရေးအတွက် မြို့နယ်ရဲတပ်တပ်ဖွဲ့မှ ဦးဆောင် ကာ ယနေ့နံနက် ၉ နာရီ အချိန်တွင် မြောက်ဦးမြို့ပေါ်၌ ယာဉ်မောင်းသူများအား ပညာပေးလုပ်ငန်း ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ၊ ပညာပေးဆောင်ရွက်မှုကို  မြို့နယ်မီးသတ်တပ်ဖွဲ့မှ မြို့နယ်ဦးစီးမှူး နှင့် ယာဉ်ထိန်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များမှာလည်း ပူးပေါင်းပါဝင်ကာ မြောက်ဦး မြို့အဝင်/အထွက်ယာဉ်များဖြစ်သော ကုန်တင်ကားမောင်းနှင်သူများ၊ ခရီးသည် မော်တော် ယာဉ်မောင်းနှင်သူများ၊  သုံးဘီး ဆိုင်ကယ် ၊ နှစ်ဘီးဆိုင်ကယ် နှင့် ထွေလာဂျီမောင်း နှင်သူတို့အား ယဉ်တိုက်မှု အန္တရာယ်ကင်းရှင်းရေး ၊ ယာဉ်တိုက်မှု အန္တရာယ် လုံးဝပ ပျောက်ရေး၊ ယာဉ်မောင်း များအနေဖြင့် ဘေးအန္တရာယ် ကင်းရှင်းရေးကို အစဉ် သတိပြုရန်နှင့် ဆိုင်ကယ် စီးသူတိုင်း ဆိုင်ကယ်ဦးထုပ်များကိုဆောင်း၍ မိတ်သိုင်းကြိုး တပ်ဆင်ပြီး မောင်းနှင်သွား ကြရန် ပူးပေါင်းပါဝင် သောစစ်ဆေးရေးအဖွဲ့မှ ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း များကို ယာဉ်မောင်း သူများအား အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မြင့်စိုး (ပြန်/ဆက်)