လှိုင်းဘွဲမြို့(ခ)ရပ်ကွက်အတွင်း အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

လှိုင်းဘွဲ  ဇန်နဝါရီ  ၁၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့အတွင်း မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်သာယာလှပရေးအတွက် လမ်းခင်းခြင်း၊ အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းတို့ကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်လျက်ရှိရာ လှိုင်းဘွဲမြို့()ရပ်ကွက်၊ ကျောင်းကြီးလမ်းတွင် အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဆောင်ရွက်ရာတွင် လှိုင်းဘွဲမြို့(ခ)ရပ်ကွက်အတွင်း ကွန်ကရစ်လမ်းမပေါ်တွင် ရေဝပ်နေမှုမရှိစေရန်နှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ ပထမ(၆)လပတ်၊ ခွင့်ပြုရန်ပုံငွေ(၂၁.၂)ကျပ်သန်းဖြင့် အုတ်စီရေမြောင်းအရှည်(၆၀၀)ပေ၊ အကျယ်(၄)ပေ၊ အနက်(၃)ပေရှိ ရေနုတ်မြောင်းတူဖော်ခြင်း၊ အုတ်စီခြင်း၊ ရေမြောင်းအဖုံးပြုလုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

စောဒိ( ပြန်/ဆက်)