လယ်ဝေးမြို့နယ်ရုံး (Community Centre) တွင် အားကစားလှုပ်ရှားမှုများဆောင်ရွက်

လယ်ဝေး ဇန်နဝါရီ ၁၃

ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်(၉)နာရီက အားကစား လှုပ်ရှားမှု Fitness Dance သရုပ်ပြခြင်းအား Online မှ တင်ဆက်ရန်အတွက် ရိုက်ကူးခြင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ Fitness Dance သည် ကျန်းမာရေးအတွက် အထောက်အကူပြုသည့် ကိုယ်လက် လှုပ်ရှားအားကစားနည်းဖြစ်၍ Online မှတင်ဆက်ခြင်းဖြင့် လူကြီး လူငယ်မရွေးလိုက်ပါ ကစားနိုင်သည့် အားကစားလှုပ်ရှားမှုတစ်ခုဖြစ်သည်။ လယ်ဝေးမြို့နယ်ရုံးအနေဖြင့် အသိပညာပေး Talk Show များ၊ ပုံပြော ကဗျာရွတ်ခြင်း များ၊ ရွှေသွေးကာတွန်း၊ သုတစုံစွာ ဤမြေကမ္ဘာ၊ အရုပ်ခေါက်ခြင်း၊ ဟောပြောပွဲများ စသည့်အစီအစဉ်များစွာကို Online မှရိုက် ကူးတင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)