ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်၌ Online မှတစ်ဆင့် အသိပညာပေးဟောပြော

ပုဗ္ဗသီရိ ဇန်နဝါရီ ၁၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ Online မှတစ်ဆင့် အသိပညာပေး ဟောပြောပွဲများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက "ဘေးကင်းစိတ်မှာ မွေ့လျော်ပါ" ခေါင်းစဉ်ဖြင့် ဟောပြောပွဲ ကျင်းပခဲ့သည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးအနေဖြင့် လူငယ်များ အသိပညာ ဗဟုသုတများစွာရရှိပြီး တွေးခေါ်မှု မြင့်မားလာစေရန်၊ လူတော်လူကောင်းများအဖြစ်ခြင်းဖြင့် ရွှေရောင်အနာဂါတ်ကို ပိုင်ဆိုင်ကြစေရန်ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး ဟောပြောပွဲများကို ဆောင်ရွက် လျက်ရှိရာ ယနေ့တွင် စာရေးဆရာစိန်ဝင်းနွယ်က "ဘေးကင်း စိတ်မှာ မွေ့လျော်ပါ" ခေါင်းစဉ်မှ စိတ်ရဲ့အရေးပါမှု၊ စိတ်ရဲ့ အစွမ်းထက်မှု၊ စိတ်ကိုဖြူစင် သန့်ရှင်း အောင်ထားခြင်းဟာ ဗုဒ္ဓအလိုကျ နေထိုင်ကျင့်သုံးရာမှာ အဓိကျတဲ့အချက်ဖြစ်ကြောင်း၊ မိမိရဲ့ စိတ်ကိုဖြူစင်သန့်ရှင်းအောင် မိမိကိုယ်တိုင် လေ့ကျင့်ယူရမှာ ဖြစ်ကြောင်း၊ လောဘဟာ စိတ်ရဲ့ ကြည်လင်မှု၊ သန့်ရှင်းမှုကို ဟန့်တားပိတ်ပင်တဲ့ ရန်သူတစ်မျိုးဖြစ်ကြောင်း၊ စိတ်ကိုဖြူစင် သန့်ရှင်းစွာထားလိုပါက မတရားသောလောဘစိတ်များကို ကင်းစေရန်ကျိုးစားရမှာဖြစ်ကြောင်း ဟောပြောခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတများ ရရှိစေရန်တွက် Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)