ဖျာပုံခရိုင် Community Centre ခန်းမ၌ပုံပြင်ပြောပြိုင်ပွဲနှင့်ဂိမ်းကစားခြင်းပြိုင်ပွဲကျင်းပ

ဖျာပုံ  ဇန်နဝါရီ  ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန CommunityCentreခန်းမ၌ ကျောင်းသား၊ ကျောင်းသူများဉာဏ်ရည်ဉာဏ်သွေး ထက်မြတ်ပြီး ကျန်းမာပျော်ရွှင်သောအစုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အသိဉာဏ် ဖွံ့ဖြိုးပြီးထူးချွန်ထက်မြက်သော လူငယ်လူရွယ်များပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပုံပြင်ပြောပြိုင်ပွဲနှင့် ဂိမ်းကစားခြင်းပြိုင်ပွဲများကို ဇန်နဝါရီလ(၁၃)ရက်နေ့နံနက ်(၁၀)နာရီအချိန်ကကျင်းပပြုလုပ်ကြသည်။


အဆိုပါပုံပြင်ပြောပြိုင်ပွဲတွင် ဖျာပုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်အားရှင်းလင်းပြော ကြားပြီး၊ဖျာပုံမြို့အမှတ်(၃)ရပ်ကွက် ၊အမက(၁၄)ကျောင်းမှကျောင်းသား၊ ကျောင်းသူ ကလေးများက မိမိကြိုက်နှစ်သက်ရာပုံပြင်များဖြင့် ဝင်ရောက် ယှဉ်ပြိုင်ကြ ပြီးပြိုင်ပွဲတွင် ဆုရရှိသူများအားဆုများ ပေးအပ်ချီးမြှင့်ကြသည်။ ထိုနောက်ဂိမ်း ကစားခြင်း ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများမှ ခွက်နင်း လမ်းလျှောက်ပြိုင်ပွဲ၊ အပ်နဖါးထိုးပြိုင်ပွဲများကို ဆက်လက် ယှဉ်ပြိုင်ကြကြောင်းသိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)