မြိုင်မြို့နယ်၌ ဆောင်းသီးနှံများ စိုက်ပျိုးရောင်းချ၍ နေ့စဉ်ဝင်ငွေရရှိ

မြိုင် ဇန်နဝါရီ ၁၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တွင် တောင်သူများ ဆောင်းသီးနှံများ စိုက်ပျိုးရောင်းချ၍ နေ့စဉ်ဝင်ငွေများ ရရှိလျက်ရှိကြောင်း သိရသည်။

မြိုင်မြို့နယ်တွင် စားဖိုဆောင်အတွက် ဆောင်းသီးနှံများဖြစ်သည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူများ စိုက်ပျိုး လျက်ရှိပြီး ဟင်းသီးဟင်းရွက်များဖြစ်သည့် မုံညင်း၊ ကိုက်လံ၊ ကန်စွန်း၊ ချဉ်ပေါင်၊ မုံလာဥ၊ ခရမ်းသီး၊ ရုံးပတီ စသည့် သီးနှံများ စိုက်ပျိုးရောင်းချ၍ နေ့စဉ် ဝင်ငွေရရှိလျက်ရှိကြောင်း၊ ဖောက်သည်ဈေးအနေဖြင့် မုံညင်း၊ ကိုက်လံ တစ်စည်းလျှင် ငွေကျပ် (၂၅၀)နှုန်း၊ နံနံပင်၊ ချဉ်ပေါင်ပင်၊ ကန်စွန်း တစ်စည်းလျှင် ငွေကျပ် (၁၀၀)နှုန်းဖြင့် ရောင်းချရကြောင်းသိရသည်။

စားဖိုဆောင်သုံးသီးနှံ စိုက်ပျိုးသူတောင်သူတစ်ဦး၏ခြံတွင် တစ်မျိုးလျှင် အစည်း(၂၀၀)ခန့်  ရောင်းချရ၍ နေ့စဉ် ဝင်ငွေများ ရရှိလျက်ရှိကြောင်း သိရသည်။

မြိုင်မြို့နယ်တွင် ဆောင်းသီးနှံများကို သံပုရာခြံ၊ ဖျသီး၊ ကျောက်ကန် စသည့် ကျေးရွာများတွင် အများဆုံး စိုက်ပျိုးကြပြီး အချို့ကျေးရွာများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုး စားသုံးကြသူများကြောင်း သိရသည်။

သူရ(ပုံတောင်)