ရွှေပြည်သာ ဇန်နဝါရီ ၁၇
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ် စာရေးဆရာအသင်းမှ အသက်(၇၀)နှစ်အထက် စာရေးဆရာကြီး/ဆရာမကြီးများအား အသင်းအမှုဆောင် အဖွဲ့ဝင်များ အဆက်ဆက် နှစ်စဉ် အစဉ်အလာမပျက် ကျင်းပပြုလုပ်ခဲ့ရာ ယခုနှစ်တွင်လည်း သက်ကြီးပူဇော်ပွဲကို ဇန်နဝါရီ(၁၆)ရက်နေ့ ယနေ့နံနက်ပိုင်းတွင် စာရေးဆရာအသင်းရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနား ကျင်းပရာတွင် ကန်တော့ခံ စာရေးဆရာ/ဆရာမကြီး (၃၈)ဦး ကိုယ်စားသက်ကြီး ကန်တော့ခံ ဆရာကြီး(၁၀)ဦးကို ဖိတ်ကြား၍ ပူဇော်ကန်တော့ခဲ့ကြပြီး ကျန်ရှိသည့် စာရေးဆရာ/ဆရာမ ကြီး(၂၈)ဦးအား အမှုဆောင်များက အိမ်တိုင်ရာရောက် သွားရောက်၍ ဂါရဝပြုကန်တော့ပစ္စည်းများ ပေးအပ်ကာ ပူဇော်ကန်တော့ခဲ့ကြောင်း သိရသည်။
စာရေးဆရာ အသင်းသက်ကြီးပူဇော်ပွဲကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နေမျိုးထွန်း