ခမောက်ကြီးတွင် ရပ်ကွက်အတွင်း လမ်းမကြီးများနှင့် လမ်းသွယ်အမည် လမ်းညွှန်ဆိုင်းဘုတ်များ ချိတ်ဆွဲထားရှိ

ခမောက်ကြီး ဇန်နဝါရီ ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ဗိုလ်ချုပ်လမ်းမကြီး၊ ရပ်ကွက်အတွင်း လမ်းမကြီးများနှင့် လမ်းသွယ်အမည် လမ်းညွှန်ဆိုင်းဘုတ်များ ချိတ်ဆွဲခြင်းကို ယမန်နေ့က မြို့စည်ပင် သာယာရေး အဖွဲ့မှ ပြုလုပ်ခဲ့သည်။

ခမောက်ကြီးမြို့ စည်ပင်သာယာရေးအဖွဲ့မှ မြို့အင်္ဂါရပ်များနှင့်အညီ သာယာလှပစေရေးအတွက်  မြို့စည်ပင် သာယာရေးလုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရပ်ကွက်အတွင်းရှိ လမ်းမကြီးနှင့် လမ်းသွယ်များကို  အမည်နာမများနှင့်တကွ အများပြည်သူ အဆင်ပြေလွယ်ကူစွာ သွားလာနိုင်ရေး လမ်းညွှန် ဆိုင်းဘုတ်များ ချိတ်ဆွဲထားရှိခဲ့ကြောင်း သိရသည်။

ရူပါမြင့် (ခမောက်ကြီး)