မိုင်းခတ် ၊ ဇန်နဝါရီ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းနှင့် စပ်ဆက်ဌာနအဖွဲ့အစည်းများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံရှိ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးကအဖွင့်အမှာ စကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၊ စီမံချက်မန်နေဂျာ(ရှမ်းအရှေ့)မှ ဒေါက်တာဝေဖြိုးဇော်က မိုင်းခတ်မြို့နယ်တွင် လုပ်ဆောင်နေသောဒေသစွမ်းအားဖြင့်သာ တူညီမျှလက်လှမ်းမှီရရှိရေး စီမံချက်အကြောင်း၊ ၂၀၂၂ခုနှစ်အတွင်း လုပ်ဆောင်မည့် စီမံချက်လုပ်ငန်းများ၊ မိုင်းခတ်မြို့နယ်ရှိ ဆက်စပ်ဌာန၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများကြား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်စေရန် စီမံချက်အကြောင်းများအားလည်းကောင်း၊ မိုင်းခတ်မြို့နယ် စီမံချက်တာဝန်ခံ ဦးကျော်ဇင်ထက်က စီမံချက်လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် အခြေအနေများနှင့် စီမံချက်လုပ်ငန်းများအကြောင်းအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသူများက သိလိုသည့်အကြောင်းအရာများ မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ညှိနှိုင်း ဆွေးနွေးပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်းသိရသည်။
မြို့နယ် ပြန်/ဆက်