ရန်ကုန် ဇန်ဝါရီ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၌ အိုမီခရွန်အကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀)နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန် အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် အိုမီခရွန်အကြောင်း အသိပညာပေး သိကောင်းစရာများနှင့် ပတ်သက်၍ ဆွေးနွေးပွဲ ကို ပုဇွန်တောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဒေါ်နွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဇွန်တောင်မြို့နယ်ဦးစီးမှူး ဒေါ်မြတ်သီရိခိုင်တို့က ကိုဗစ်-၁၉ မျိုးရိုး ဗီဇပြောင်းအိုမီခရွန် ဖြစ်လာပုံ၊ အိုမီခရွန် ကူးစက်လာပုံ၊ အိုမီခရွန် ဖြစ်လာလျှင် ရောဂါလက္ခဏာ များ၊ အိုမီခရွန် ကြိုတင်ကာကွယ်နိုင်အောင် နေထိုင်စားသောက်ပုံများ၊ အိုမီခရွန် ကြိုတင် ကာကွယ်ရန် ဆောင်ရွက်နေမှုအခြေအနေများစသည့် သိကောင်းစရာများကို အသီးသီးဆွေးနွေး ခဲ့ကြသည်။
အဆိုပါ အိုမီခရွန်အကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဇွန်တောင်မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း အသိပညာပေး လုပ်ငန်းများကိုလည်း Online မှ တစ်ဆင့် ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။
မြတ်သီရိခိုင်(ပြန်/ဆက်)