မြောက်ဦးမြို့၌ ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များမှ မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြော

မြောက်ဦး ဖေဖော်ဝါရီ ၄

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ပွင့်လင်းရာသီသို့ရောက်ရှိလာပြီ ဖြစ်သဖြင့် မီးဘေးအန္တရာယ် ကင်းဝေးနိုင်စေရေး အတွက် မင်းသားကျွန်း အ.ထ.က(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ဖေဖော်ဝါရီလ ၂ ရက်နေ့က အသိပညာပေး ဟောပြော ခဲ့ကြောင်း သိရသည်။

ထိုသို့ မီးသတ်တပ်ဖွဲ့ဝင်များမှ မီးဘေးအန္တရာယ်လုံခြုံရေး အသိပညာပေး ဟောပြောရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးလှဝင်းမှ ကျောင်းသူ/ ကျောင်းသားများကို မိမိတို့နေအိမ်တွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ မီးသတ်ဆေးဗူးများ    မီးဘေးကာကွယ်ရေး ပစ္စည်းများ အား အသင့်ထားရှိရေး၊  နေအိမ်များတွင် လောင်စာဆီများ သိုလှောင်ခြင်းမပြုရန်၊ အိမ်တွင်တပ်ဆင်ထားသော  ဟောင်းနွမ်းလျှပ်စစ် ဝါယာကြိုးများနှင့် ပျက်စီးနေသော လျှပ်စစ်ပစ္စည်းများအား အသုံးမပြုကြရန်၊ မီးသွေးမီးဖိုဖြင့် ထမင်း၊ ဟင်းချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များအား စနစ်တကျ မီးငြိမ်းသတ်ကြရန်၊ ဖယောင်းတိုင်မီး၊ အမွှေးတိုင်၊   ခြင်ဆေးခွေများအား ငြိမ်းသတ်ထားကြရန်နှင့် မီးလောင်မှုဖြစ်ပွားပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ အကြောင်းကြားရန် ရှင်းလင်းပြောကြားခဲ့သည်။ ကျောင်းသူ/ ကျောင်းသားများကို မီးသတ်ယာဉ်ဖြင့် မီးငြိမ်းသတ်ရေး လက်တွေ့သရုပ်ပြသရာတွင် မီးလောင်မှုဖြစ်ပွားခဲ့လျှင် မီးငြိမ်းသတ်နိုင်ရေးနှင့် အခြားနေရာများသို့ မီးလောင်မှု မကူးစေရန်တို့ကို မီးသတ်တပ်ဖွဲ့ဝင် (၉)ဦးတို့မှ ကျောင်းသူ/ ကျောင်းသားများနှင့်အတူ လက်တွေ့သရုပ်ဖော် ပြသပြီး နောက် မြို့နယ်မီးသတ်ဦးစီးမှူးမှ ဆောင်ရန်/ ရှောင်ရန်အချက်တို့ကို ကျောင်းသူ/ ကျောင်းသားများအား သိရှိလိုက်နာစေရန် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

မြင့်စိုး