ပိုင်ကျုံ ဖေဖော်ဝါရီ ၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေး၊ မြို့သာယာလှပရေးနှင့် ဒေသနေပြည်သူများသွားလာမှု အဆင်ပြေစေရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး ရန်ပုံငွေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမအကြိမ် ပိုင်ကျုံမြို့ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ပိုင်ကျုံမြို့ ကြက်တူရွေးကျေးရွာအုပ်စု ထီးဖိုးခီး-ကမား ကျေးရွာချင်း ဆက်လမ်းအား ကျောက်ရော မြေသားလမ်း ခင်းခြင်းလုပ်ငန်းကို ဇန်နဝါရီလ ပထမအပတ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ (၇၅)ရာခိုင်နှုန်းထိ ဆောင်ရွက်ပြီးစီးနေပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်းသည် (၁ မိုင် x ၁၄ ပေ x ၁ ပေ)ရှိပြီး ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် (ပထမအကြိမ်) ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှောချရေး ရန်ပုံငွေ (၄.၉) သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့လုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ပိုင်ကျုံမြို့ မြို့အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်ကျေးရွာ တာဝန်ရှိသူတို့မှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းလုပ်ငန်းများ ပြီးစီးပါက ဒေသနေပြည်သူများ၏ လူနေမှုဘဝနှင့် သွားရေးလာရေးအတွက် အဆင်ပြေ လွယ်ကူလာမည် ဖြစ်ကြောင်း သိရှိရပါသည်။
စောဂျိုးဇက်ဂျူး