နွေစပါးများစိုက်ပျိုးနိုင်ရေး ဆည်ရေများဖေဖော်ဝါရီလ ၇ ရက်နေ့တွင် စတင်လွှတ်ပေးမည်

ရွှေဘို ဖေဖော်ဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်နှင့် ကန့်ဘလူခရိုင်အတွင်း ဆည်ရေသောက် စပါးစိုက်ကွင်းများ အချိန်မီစိုက်ပျိုးနိုင်​စေရန် သဖန်းဆိပ်ဆည်နှင့် အခြားဆည်များမှစိုက်ပျိုးရေကို ဖေဖော်ဝါရီ ရက်နေ့မှ စတင်လွှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သဖန်ဆိပ်ဆည်သည် ရေလှောင်ပမာဏဧကပေ ၂၇၀၀၀၀ ကျော်သိုလှောင်နိုင်ပြီး လက်ရှိ ရေလှောင်ပမာဏသည် ၂၃၉၅၇၅၇ ဧကပေရှိသည့်အနက် နောင်လာမည့်မိုးစပါးစိုက်ပျိုးရာသီ ပျိုးထောင်ရေအတွက်ချန်ပြီး အဆိုပါ သဖန်းဆိပ်ဆည်ရေသည် ကန့်ဘလူခရိုင်အတွင်း နွေစပါး ဧက ၂၃၁၅၀ ဧက၊ ရွှေဘိုခရိုင်အတွင်း နွေစပါး စိုက်ဧက ၂၄၉၈၅၀ ဧကနှင့် အခြားသီးနှံ ၇၅၀၀၀ ဧကများအတွက် အကျိုးပြုသွားမည်ဖြစ်သည်မြစ်ရေတင် နွေစပါးဧက ၃၀၀၀ အပါအဝင် စုစုပေါင်း ၃၅၁၀၀၀ အတွက် ဆည်ရေများလွတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်

တဆက်တည်း ကျေးပင်အက်ဆည်မှနွေစပါးစိုက်ဧက ၂၀၀၀ ဧက၊ ပေကြီးဆည်မှ နွေစပါးစိုက် ဧက ၁၅၀ ဧကနှင့် လင်ပန်းဆည်မှ နွေစပါးစိုက်ဧက ၄၀၀ ဧကတို့အတွက်လည်း ဖေဖော်ဝါရီ ၇ ရက်နေ့တွင်စတင်ပြီး ဆည်ရေများတ်ပေးသွားမည်ဖြစ်ကြောင်း ရွှေဘိုခရိုင် ဆည်​မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးထံမှ သိရသည်။

စိုးသီဟ(ရွှေဘို)