အိမ်ခြံဝင်း၊ ဥယျာဉ်စိုက်ပျိုးရေးသိကောင်းစရာများ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ

မန္တလေး ဖေဖော်ဝါရီ  ၄

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော အိမ်ခြံဝင်း ဥယျာဉ်စိုက်ပျိုးရေး (Home Gardening) နည်းစနစ်ဖြင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်းအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေ ၃ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင်  မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဒေါ်ရီရီမွန်တို့က အိမ်ခြံဝင်း ဥယျာဉ်စိုက်ပျိုးရေး (Home Gardening) ဆောင်ရွက်ခြင်းဖြင့် မြေရှားလာမှုအပေါ် တီထွင်ကြံဆစိုက်ပျိုးတတ်စေရန်၊ မိသားစုအားလပ်ချိန်တွင် ဝိုင်းဝန်းလုပ်ဆောင်ခြင်းကြောင့် ရင်းနှီးနွေးထွေးသည့် ဆက်ဆံရေး တိုးတက်လာစေရန်၊ မီးဖိုချောင်စရိတ် သက်သာလာစေရန် ပိုလျှံသည့်သီးနှံများ ရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိစေရန် စသည့်အကျိုးကျေးဇူးများ၊ သိကောင်းစရာများအား  ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ဒေါ်မြင့်မြင့်သန်း