Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဝိမုတ္တိသုခဆုတောင်းပြည့်စေတီတော်မြတ်ကြီး (၁၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် စည်ကား သိုက်မြိုက်စွာကျင်းပ
Feb 04,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် မုန်းလိုက်ကျေးရွာအုပ်စု၊ မိုင်းဟန်ကျေးရွာ ထေရဝါဒဗုဒ္ဒသာသနာပြုကျောင်းရှိ ဝိမုတ္တိသုခ ဆုတောင်းပြည့် စေတီတော်မြတ်ကြီး၏ (၁၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ရေစက်ချ အလှူမင်္ဂလာ အခမ်းအနားကို ဖေဖော်ဝါရီ ၂ ရက်နေ့က အဆိုပါကျောင်း၌ ကျင်းပခဲ့ကြောင်း မြို့နယ် သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၇၅) နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ သန်လျင်၌ဖွင့်လှစ်
Feb 04,2022
(၇၅) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် သန်လျင်မြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနက ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး အစိုးရရန်ပုံငွေဖြင့် ဆောင်ရွက် ခဲ့သော သန်လျင်မြို့နယ် ထားမလုံ-မြယာရိုး ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါ လမ်းသစ်မုခ်ဦး၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဂုဏ်ထူးဆောင်လက်မှတ်များ၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ပေးအပ်ချီးမြှင့်နိုင်ရေး ပဏာမစိစစ်ရေး ကော်…
Feb 04,2022
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအ နားတွင် ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဂုဏ်ထူးဆောင်လက်မှတ်များ၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ပေးအပ် ချီး မြှင့်နိုင်ရေး ပဏာမစိစစ်နိုင်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ချင်းရွှေဟော်မြို့တွင် လူထုအခြေပြုဗဟိုဌာန၊ ကိုးကန့်ရိုးရာယဉ်ကျေးမှုသမိုင်းပြတိုက်နှင့် ဘက်စုံသုံးခန်းမ ဆောက်လုပ်ရန်အတွက် ပန္နက်တင် အခမ်းအနားကျင်းပ
Feb 04,2022
ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကိုးကန့်တိုင်းရင်းသားများ အနေဖြင့် မိမိတို့ တိုင်းရင်းသား မျိုးနွယ်စု၏ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်၊ ကိုးကန့်တိုင်းရင်းသား မျိုးနွယ်စု ရိုးရာယဉ်ကျေးမှုများ မပျောက်ပျက်အောင် ကိုးကန့် စော်ဘွားများ၏ သမိုင်းအစဉ်အလာကြီးမားစွာ ခေတ်အဆက်ဆက် ဆောင်ရွက်ခဲ့မှုများအား ရေးထိုးဖော်ထုတ်နိုင်စေရန်၊ ကိုးကန့်တိုင်းရင်းသားများအပြင် အခြားတိုင်းရင်းသား မျိုးနွယ်စုများ အသိပညာ ဗဟုသုတ တိုးပွားစေရန်၊ သင်တန်းများ တက်ရောက်နိုင်စေရန်၊ နည်းပညာများ လေ့လာနိုင်စေရန်၊ လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လေ့ကျင့် ပညာပေးရေး လုပ်ငန်းများ၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရေးတို့အတွက် အလှူရှင် ဦးသက်ဦးပိုင် (ခေါ်) ဦးလီကြားရှိုးမှ အလျား(၃၀)ပေ၊ အနံ(၅၆)ပေ၊ အမြင့်(၁၂)ပေ ကျယ်ဝန်းသည့် ချင်းရွှေဟော်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးဝန်းအတွင်း လူထုအခြေပြုဗဟိုဌာန (Community Centre)၊ ကိုးကန့်ရိုးရာယဉ်ကျေးမှု သမိုင်းပြတိုက်နှင့် ဘက်စုံသုံးခန်းမ ဆောက်လုပ်ရန်အတွက် လှူဒါန်းခဲ့ရာ အဆိုပါ အဆောက်အဦ ဆောက်လုပ်ရန်အတွက် ပန္နက်တင်မင်္ဂလာ အခမ်းအနားအား ဖေဖော်ဝါရီလ(၂)ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းလုံမြို့တွင် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် (အကြို) စာအုပ်/စာစောင် ပြပွဲကျင်းပ
Feb 04,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် (အကြို) စာအုပ်/စာစောင်ပြပွဲကို ဖေဖော်ဝါရီ ၃ ရက်နေ့ နံနက်(၁၀)နာရီအချိန်ခန့်က ကျင်းပဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တန်းမြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် နရွဲချောင်-ဘိုးဘ-မုဆိုးဆိပ်ကုန်ထုတ်မြေသားလမ်းသစ်ဖွင့်ပွဲကျင်းပ
Feb 04,2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်၊ ကျောက်တန်း မြိုနယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခု(၆)လ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ရန်ပုံငွေဖြင့် Bruno Mars Co.,Ltd မှတာဝန်ယူဆောင်ရွက်ခဲ့သည့် နရွဲချောင်-ဘိုးဘ-မုဆိုးဆိပ် ကုန်ထုတ် မြေသားလမ်းသစ် ဖွင့်ပွဲအခမ်းကို ဖေဖော်ဝါရီလ ၂ ရက်နေ့နံနက် ၁၁ နာရီက အဆိုပါ ကုန်ထုတ်လမ်းသစ်တွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့နယ် ဖိုးမိုးကြီးကုန်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် ကျေးရွာတွင်း လမ်းအား ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်
Feb 04,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ဝါးရုံကျေးရွာအုပ်စု ဖိုးမိုးကြီးကုန်းကျေးရွာတွင် မြစိမ်းရောင် ကျေရွာ စီမံကိန်း အတိုးရငွေဖြင့် ကျေးရွာတွင်းလမ်းအား ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တန်းမြို့နယ်၊ တံတားမြို့၊ စင်မကော်ကျေးရွာတွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် စင်မကော်−တာပကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့…
Feb 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်၊ တံတားမြို့ရှိ စင်မကော်ကျေးရွာတွင် တိုင်းဒေသကြီး အစိုးရရန်ပုံငွေဖြင့် ဆောင်ရွက်သော စင်မကော်−တာပကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22770
Page
22771
Page
22772
Page
22773
Current page
22774
Page
22775
Page
22776
Page
22777
Page
22778
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department