အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံတန်ဖိုးမြင့် စားသောက်ကုန်ထုတ်လုပ်နည်း သင်တန်းဖွင့်လှစ်

သာပေါင်း ဖေဖော်ဝါရီ  ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံတန်ဖိုး မြင့် စားသောက်ကုန်ထုတ်လုပ်နည်း သင်တန်းကို ဖေဖော်ဝါရီလ (၁)ရက်နေ့ နံနက် ၁၀ နာရီအချိန်က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ် ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမင်းဧရာထိုက်မှ သင်တန်းအဖွင့် အမှာစကားပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဝတ်ရည်စိုးက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်း ဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေပြီး မိသားစုဝင်ငွေ တိုးပွားလာ စေရန်တို့အတွက် ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်းနှင့် သင်ထောက်ကူပစ္စည်းများအား ဌာနမှပေးအပ်မည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။ 

ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်း၊ သင်တန်းနည်းပြဆရာမ ဒေါ်စန္ဒာဆွေဦးက စာတွေ့၊ လက်တွေ့ မုန့်မျိုးစုံ(၁၂)မျိုး၊ ဒံပေါက်ချက်နည်းတို့ကို (၁--၂၀၂၂)ရက်နေ့မှ (၁၄--၂၀၂၂)ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ သင်တန်းတတ်ရောက်လာကြသော ကျေးရွာ (၅)ရွာတို့မှ သင်တန်းသား (၅)ဦး၊ သင်တန်းသူ (၂၀)ဦးတို့အား သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

သာပေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ခု (၆)လဘတ်ဂျတ်မှ ခွင့်ပြုငွေ (၁.၅) သန်း သုံးစွဲမည် ဖြစ်ပြီး၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းမှ နည်းပညာများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးဇော်သိန်း