မင်းလှမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နှစ်ပတ်လည်နေ့အထိမ်းအမှတ် သံဃာ့ဒါန အရုဏ်ဆွမ်းလောင်းလှူပွဲကျင်းပ

အထက်မင်းလှ      ဖေဖော်ဝါရီ  ၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှစ်ပတ်လည် နေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများပူးပေါင်း၍ သံဃာ့ဒါန အရုဏ်ဆွမ်းလောင်းလှူပွဲကို ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၄နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင်    ကျင်းပပြုလုပ်ခဲ့ပြီး    နံနက်၅နာရီခွဲတွင် မြို့နယ်ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌  ဆရာတော်သံဃာတော်များအား အရုဏ်ဆွမ်းကပ်လှူခြင်းနှင့် အန္တရာယ် ကင်းပရိတ်တရား ရွတ်ဖတ်ပူဇော်ပွဲပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်  ဆရာတော်သံဃာတော်အရှင်သူမြတ်တို့က ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့သည်။ ထို့နောက် ဆရာတော်သံဃာတော် များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်များက အရုဏ်ဆွမ်းကပ်လှူခဲ့ ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)