အောင်လံမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဘောလုံးပြိုင်ပွဲဖွင့်ပွဲ ကျင်းပ

အောင်လံ ဖေဖော်ဝါရီ ၃

မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဘောလုံး ပြိုင်ပွဲဖွင့်ပွဲကို ဖေဖော်ဝါရီ(၁)ရက်နေ့ ညနေ(၄)နာရီက မြို့နယ်အားကစားကွင်း၌ ပြုလုပ်ခဲ့သည်။

အဆိုပါ ဘောလုံးပြိုင်ပွဲဖွင့်ပွဲကိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်မည့် အသင်း(၆)သင်းမှ အားကစားသမားများအား လက်ဆွဲနှုတ်ဆက်ပြီး ပြိုင်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်က ဘောလုံးကန်၍ဖွင့်လှစ်ပေးခဲ့ကာ Police FC အသင်းနှင့် All Star FC အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို  (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့တွင် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)