လွိုင်လင်မြို့ မြကန်သာရေကန်ပတ်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေး

လွိုင်လင်  ဖေဖော်ဝါရီ  ၃

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၏ ၂၀၂၁-၂၀၂၂ ( Mini Budget) ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ် (၅၉.၈၂)သန်း ဖြင့် လွိုင်လင်မြို့ မြကန်သာရေကန်ပတ်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းခွင်သို့ လွိုင်လင်ခရိုင် တည်ဆောက်ရေးလုပ်ငန်း အရည်အသွေးစစ်ဆေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့်အဖွဲ့ဝင်များက  သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။

လွိုင်လင်မြို့ မြကန်သာရေကန်ပတ်လမ်းတွင် ပြည်သူများစိတ်အေးချမ်းသာစွာ အပမ်းဖြေအနားယူ လမ်းလျှောက်နိုင်ရန် ရည်ရွယ် ၍ ရေကန်ပတ်လမ်းကို ကွန်ကရစ်လမ်းခင်းပေးခြင်းဖြစ်ကြောင်း၊ အဆိုပါ ကွန်ကရစ်လမ်းသည် အရှည်ပေ ၂၁၀၀၊ အကျယ် ၁၀ ပေနှင့် အမြင့် ၆ လက်မ)ရှိပြီး ခွင့်ပြုရန်ပုံငွေ  ကျပ်( ၅၉.၈၂)သန်းဖြင့် မင်းနိုင်ခန့်ကုမ္ပဏီလီမိတက်မှ တာဝန်ယူဆောင်ရွက်နေကြောင်း သိရသည်။

လွိုင်လင်မိုး