မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုး Quarantine Center ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အချိန်မီပြီးစီးရေး ကြည့်ရှုစစ်ဆေး

မုံရွာ ဖေဖော်ဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးသည် အဖွဲ့ဝင်များနှင့်အတူ ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က မုံရွာမြို့ရှိဒေသခံပြည်သူများအား  ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ (Omicron) အိုမီခရွန်ကူးစက်မှုမှ ကာကွယ်ရန်အတွက် မုံရွာစီးပွားရေး တက္ကသိုလ်အတွင်း ဖွင့်လှစ်ရန် Quarantine Center ဆောင်ရွက်ထားရှိမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ခရိုင်/မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများအား အားလုံးပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့်အဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေများဖြင့် မုံရွာမြို့  နန္ဒဝန်ရပ်ကွက်ရှိ နန္ဒဝန် ဝန်ထမ်းအိမ်ရာဝန်းများတွင် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိရေး တည်ဆောက် လျက်ရှိသည့်  ရေသန့်စက်ရုံ() ရေသန့်စက်ရုံ ()နှင့် ရေသန့်စက်ရုံ()တို့ သတ်မှတ်ချိန်အတွင်း အမြန်ပြီးစီးရေး အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား လည်းကောင်း၊ နန္ဒဝန်ဝန်ထမ်းအိမ်ရာ တောင်ဘက်လမ်းအား ကွန်ကရစ်ခင်းကျင်းပြီးစီးမှု အခြေအနေတို့အား လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းနဲ့အညီ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)