ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

ဟားခါး      ဖေဖော်ဝါရီလ      ၃

ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးတွင် ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က ကျန်းမာရေးဝန်ကြီးဌာန၏ အိုမီခရွန်ရောဂါပိုး တွေ့ရှိမှုနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်အရ တမူးမြို့နှင့် ကလေးမြို့များတွင် အိုမီခရွန်ရောဂါပိုးတွေ့ရှိရကြောင်း သိရသည့်အတွက် တစ်ဖက်နိုင်ငံနှင့် နယ်နိမိတ်ထိစပ်သည့် မြို့နယ်များမှတဆင့် ရောဂါကူးစက်ဖြစ်ပွားမှု မရှိ စေရေးအတွက် မြို့နယ်များတွင် နယ်စပ်ဝင်ထွက်မှုများ စနစ်တကျစစ်ဆေးကြပ်မတ်ရန်လိုကြောင်း၊ အိုမီခရွန် ရောဂါပိုးအပါအဝင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Test Kit ဖြင့် ရောဂါရှာ ဖွေစစ်ဆေးခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံနိုင်ရေးနှင့် Booster Dose ထိုးနှံနိုင်ရေး လုပ်ငန်းများကို အရှိန်အ ဟုန်မြှင့်၍ ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် အစီအမံတင်ပြရန် လိုကြောင်းဖြင့် အမှာစကား ပြောကြားသည်။

ဆက်လက်၍ ဟားခါးမြို့နယ် လူထုကျန်းမာရေးစောင့်ရှောက်မှုကော်မတီဥက္ကဋ္ဌ၊ သိက္ခာတော်ရ ဆရာတော် ဒေါက်တာ စတီဗင် လျန်ဟုပ်လိန်းက ဘွန်လုံးကျေးရွာ၊ ဆူရ်ခွါးမြို့နှင့် ဟာအိုဆင်ကျေးရွာများသို့ ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ RDT Test Kit ဖြင့် ရှာဖွေစစ်ဆေးမှု၊ ပိုးတွေ့ရှိမှုူအခြေအနေနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်၊ ကုသရေးလုပ်ငန်းနှင့် အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက အိုမီခရွန်ရော ဂါပိုးထပ်မံတွေ့ရှိမှု၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်မှုူ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုနှင့် ထပ်ဆောင်း (Booster Dose ) ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံ ရန်စီစဉ်ဆောင်ရွက်ထားရှိမှု၊ ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ဆေးနှင့်ဆေးပစ္စည်း များခွဲဝေပေးမှုအခြေအ နေ၊  ကျောင်းသား ကျောင်းသူများ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေအနေနှင့် ယခင်အပတ် အစည်း အဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တင်ပြချက်များအပေါ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး စိုးလွင်မိုးတို့က ဆူရ်ခွါးမြို့ တိုက်နယ်ဆေးရုံအတွက် လိုအပ်သည့် ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုးအလုံး(၂၀) ထောက်ပံ့ရေး၊ တစ်ဖက် နိုင်ငံနှင့် ထိစပ်သည့် တွန်းဇံမြို့နှင့် ကျီခါးမြို့တို့တွင် အိုမီခရွန်ရောဂါပိုး ဝင်ရောက်ကူးစက်မှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်ရေး၊ အခြေခံပညာ ကျောင်းများ အမြန်ဖွင့်လှစ်နိုင်ရေးနှင့် ဟားခါးမြို့လူထု ကျန်းမာရေး စောင့်ရှောက်ရေး ကော်မတီသို့ ရောဂါကာကွယ်ရေးပစ္စည်း၊ ဆေးပစ္စည်းများနှင့် စက်သုံးဆီများ ထောက်ပံ့ရေးတို့ နှင့်ပတ်သက်၍ အကြံပြုဆွေးနွေးတင်ပြကြပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်တို့က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ ပြည်နယ် ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)