နမ့်ဆန်မြို့နယ်တွင် ဒေသခံတိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်ပေး

နမ့်ဆန် ဖေဖော်ဝါရီလ ၅  

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နမ့်ဆန်မြို့နယ်ဦးစီးမှူးရုံးမှ နမ့်လင်းကျေးရွာအုပ်စုအတွင်း သတ်မှတ်ချက်နှင့်ကိုက်ညီသော ဒေသခံတိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း တာဝန်ရှိသူမှပြောကြားခဲ့ပါသည်။

နမ့်ဆန်မြို့နယ်အတွင်းရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ရရှိဖို့ရန်အတွက် ပန်းခင်းစီမံချက်နဲ့ ကြိုးပမ်းဆောင်ရွက်ပေးနေကြောင်း မြို့နယ်ဦးစီးမှူး ဦးတင်ထွန်းလင်းမှ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်လဝကရုံးတွင် လာရောက်ဆောင် ရွက်ကြသော ပြည်သူလူထုအား ပန်းခင်းစီမံချက်ဆိုင်ရာ သိမှတ်ဖွယ်လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

ထို့နောက် နမ့်ဆန်မြို့နယ်၊ နမ့်လင်းကျေးရွာအုပ်စုမှ လာရောက်ဆောင်ရွက်ထားသော နိုင်ငံသားစိစစ်ရေးကတ်ပြား နိုင်၃(က) ဆောင်ရွက်သူ (၁၁)ဦး၊ နိုင်၆(က) ဆောင်ရွက်သူ (၉)ဦး၊ လဲလှယ်ဆောင်ရွက်သူ(၄)ဦးနှင့် ပျောက်ပျက်မိတ္တူဆောင်ရွက်သူ (၄)ဦး၊ စုစုပေါင်း (၂၈)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)