လပွတ္တာ ဖေဖော်ဝါရီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူငယ့်အားမာန်သင်တန်းကျောင်းတို့ ပူးပေါင်း၍ ယနေ့နံနက် (၇) နာရီအချိန်က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် စာအုပ်ပြပွဲ ကျင်းပပြုလုပ် သည်။
အဆိုပါ ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြိုအဖြစ် ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက် ထောက်ညွှန်ကြားရေးမှူး ဦးတင်မောငဦးက ပြည်ထောင်စု့နေ့ဖြစ်ပေါ်လာပုံသမိုင်းအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကျောင်းသား ကျောင်းသူများ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်၍ စာကြည့်တိုက်အား အသုံးပြုတတ်စေရေးရည်ရွယ် ၍ စာကြည့်တိုက်ရှိ သုတ၊ ရသစာအုပ်များအား ပညာရပ်အလိုက် ပြသပေးပြီး ဒုတိယဦးစီးမှူး ဒေါ်အိအိမွန်က ကျောင်းသားလူငယ်များ ဖတ်ကြားစေလိုသည့် စာအုပ်များအား ရှင်းလင်းပြောကြားကြောင်း သိရှိရသည်။
လပွတ္တာခရိုင်(ပြန်ဆက်)