ကျိုက်လတ် ဖေဖော်ဝါရီ ၅
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ၊ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အား Green City, Clean City ဖြစ်စေရန်အတွက် မြို့ဝင် မြို့ထွက်လမ်းမကြီးများတစ်လျှောက် သန့်ရှင်းသာယာလှပစေရန်၊ ပြည်သူများ စည်းကမ်းလိုက်နာ လိုက်နာကြရန်၊ လမ်းဘေးဝဲယာများတွင် အမှိုက်စွန့်ပစ်ခြင်း မရှိစေရန် အသိပညာပေးသည့် အနေဖြင့် သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် စုပေါင်းအမှိုက်ကောက်ခြင်းကို ယနေ့နံနက် ၇ နာရီ၃၀ တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှု၊ ဌာနဆိုင်ရာ အကြီးအကဲများမှ ဦးဆောင်ကြီးကြပ်၍ ဌာနဆိုင်ရာ ဝန်ထမ်း များ၊ ရပ်ကွက်၊ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ စုပေါင်း၍ ကျိုက်လတ်မြို့ စည်ပင်ပိုင်လမ်းမကြီးများ၊ လမ်းသွယ်များနှင့် လမ်းဦးစီးဌာနပိုင်လမ်းမကြီးများတွင် အမှိုက်ကင်းစင်၍ သန့်ရှင်းသာယာ လှပရေး၊ နေ့စဉ်ပြေးဆွဲလျက်ရှိသော မော်တော်ယာဉ်များ၌ အမှိုက်ပုံးများ စနစ်တကျထားရှိရေး၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်း မရှိစေရေးတို့အတွက် ပြည်သူများအား အသိပညာပေးဆောင်ရွက်ခြင်းနှင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ အမှိုက်ကောက်ခြင်း ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
ဌေးဌေးလှိုင်