အုတ်ဖိုမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး

အုတ်ဖို ဖေဖော်ဝါရီ  ၅

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားကို ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်နှင့်အညီ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေး ပွဲကို ယမန်နေ့   မွန်းလွဲပိုင်းက အုတ်ဖိုမြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် အုတ်ဖိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းက (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ တွင် နိုင်ငံတော်အလံတင်အခမ်းအနား၊ နိုင်ငံတော် အလံ အလေးပြုခြင်း၊ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားနှင့် အများ သက်ဆိုင်သော ရုံး၊ ကျောင်း၊ အဆောက်အဦများ၊ ပုဂ္ဂလိက အဆောက်အဦ များတွင် နိုင်ငံတော် အလံ လွှင်ထူရန်၊ ရောင်စုံမီးများထွန်းညှိရန်နှင့် အားကစားပြိုင်ပွဲပျော်ပွဲရွှင်ပွဲများ ကျင်းပနိုင်ရေးတို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်းနှင့် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ အခမ်းအနားကျင်းပရေး ၊ပြင်ဆင်ရေး၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာ ချထားရေးတို့ကို တင်ပြဆွေးနွေးခဲ့ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

အောင်သူ(အုတ်ဖို)