မိုင်းစံ ဖေဖော်ဝါရီ ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းစံမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre)တွင် ယမန်နေ့နံနက် ၉ နာရီအချိန်က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကို ကျင်းပပြုလုပ် ခဲ့သည်။
ထိုသို့ပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ကျောင်းသူ/ ကျောင်းသားများအနေဖြင့် စာကြည့်တိုက်ကို အသုံးပြုတတ်စေရန် ၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး မြှင့်မားလာစေရန်၊ ကိုယ်ပိုင်တီထွင် ဖန်တီးတတ်သည့် အတွေးအခေါ် များရှိစေရန်၊ ပြည်ထောင်စုစိတ်ဓာတ်များ အစဉ်မွေးမြူ နိုင်ကြစေရန်၊ ပြည်ထောင်စုနေ့ကို မမေ့အပ်ပဲ အစဉ်အမှတ်ရနေစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ပြီး ပြိုင်ပွဲသို့ မြို့အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ပြည်ထောင်စုနေ့ အခမ်းအနားတွင် ဆုများပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။
ခင်ချို (မုန်းဆန်း)