အမြို့မြို့အနယ်နယ်သတင်းများ

Feb 10,2022
ကျိုက်လတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုး တွေ့လူနာများ ဆေးကုသမှုခံယူရန်အတွက် အမှတ်(၄)ရပ်ကွက် မိုးကုတ်ဓမ္မရိပ်သာ Quarantine Centre ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယနေ့ နေ့လည် ၁၂ နာရီက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Feb 10,2022
မိတ္ထီလာတက္ကသိုလ်တွင် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အကြို စာစီစာကုံး၊ ကဗျာ၊ ကျပန်းစကား ပြော၊ စစ်တုရင်နှင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဆုပေးပွဲအခမ်း အနားကို ယနေ့ နံနက် ၁၀ နာရီ အချိန်က အဆိုပါတက္ကသိုလ်ရှိ Presentation Roomတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Feb 10,2022
ဟားခါးမြို့တွင် ယခင် COVISHIELD ကာကွယ်ဆေးထိုးနှံပြီး ကာလ ၆ လပြည့်ပြီးသူများကို ယမန်နေ့မှစ၍ Booster စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Feb 10,2022
ကရင်ပြည်နယ်၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ပြည်သူများ၏ လူနေမှုဘဝတိုးတက်မြင့်မားလာစေရေးနှင့် သွားလာရေးအဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ပိုင်ကျုံမြို့ နောင်ခလုံး-လော်ကော် ကျေးရွာချင်းဆက် မြေသားလမ်းအား ကျောက်လမ်းခင်းခြင်း လုပ်ငန်းကို နို၀င်ဘာလ တတိယအပတ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် (၉၅)ရာခိုင်နှုန်းခန့် ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
Feb 10,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် Community Center ခန်းမတွင် ပြည်သူများ အသိပညာ၊ ဗဟုသုတရရှိစေရန်အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၉ ရက် မွန်းလွဲ ၁ နာရီချိန်က အသိပညာပေးလုပ်ငန်းတစ်ရပ်အဖြစ်ဆောင်ရွက်ခဲ့သည်။ 
Feb 10,2022
ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏မြို့တော် ဘားအံမြို့အား မြို့တော်အင်္ဂါရပ်များနှင့်အညီ သန့်ရှင်းသာယာလှပသော အစိမ်းရောင်မြို့တော်ဖြစ်စေရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂု ဏ်ပြုသောအားဖြင့် ယမန်နေ့နံနက် ၈ နာရီခန့်က ဘားအံမြို့ (မော်လမြိုင်) ဘက်ခြမ်း မြို့အဝင်ဖားစည်ကျွဲချိုမုခ်ဦးကို ဖွင့်လှစ်ပေးခဲ့သည်။
Feb 10,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြိုအဖြစ် မြို့နယ်ဦးစီးမှူး ဒေါ်သဲစုမိုးမှ ပြည်ထောင်စုနေ့ဆိုင်ရာအသိပညာများ၊ ဗဟုသုတတိုးပွားရန်နှင့် စာဖတ်ရှိန် မြှင့်တင်နိုင်ရန်၊ ပြည်ထောင်စုနေ့နှင့် မြန်မာနိုင်ငံ၏ အလေးထားအပ်သော နေ့ထူးနေ့မြတ်များ အကြောင်းကို ကျောင်းသူ/သားများ သိရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွှဲ ၁ နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 10,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပုံနေကျေးရွာအုပ်စု၊ ဖာဆေကျေးရွာ ရှိ နေရပ်စွန့်ခွာပြည်သူများအား လူသုံးကုန်ပစ္စည်းများနှင့်အဝတ် အထည်များ ထောက်ပံ့ပေး ခြင်းကို ယနေ့နံနက် (၁၁) နာရီခွဲအချိန်က ဖာဆေကျေးရွာတွင် ထောက်ပံ့ပေးခဲ့သည်။