ပေါက်တောမြို့၌(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံအလေးပြုခြင်း နှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနား ​ကျင်းပ

ပေါက်တော ဖေဖော်ဝါရီ ၁၂                                                         

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်သည့်  (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်း အမှတ် နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း  အခမ်းအနားကို ကျန်းမာရေးဝန်ကြီး ဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ယနေ့ နံနက် (၇:၄၀)နာရီအချိန်က ​ပေါက်တောမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။ ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှဦးဆောင်၍ နိုင်ငံတော်အလံအလေးပြုကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ၂၀၂၂ ခုနှစ်   (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့သို့ ပေးပို့သော သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်းက ဖတ်ကြားခဲ့သည်။

ထို့နောက် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲတွင် ပထမဆုရ အ.ထ.က-ပေါက်တော (Grade-11)မှ မောင်အံ့ဖွယ်ဟိန်း၊ ဒုတိယဆုရ အ.ထ.က-မြို့မ (Grade-10)မှ မောင်ထွန်းနိုင်ဦး၊ တတိယဆုရ အ.ထ.က-ပေါက်တော (Grade-10)မှ မောင်နိုင်မင်းထွန်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုရ အ.ထ.က-ပေါက်တော (Grade-7)မှ မောင်ခန့်စည်ဝင်း၊ ဒုတိယဆုရ အ.ထ.က-ပေါက်တော(Grade-7)မှ မောင်ခန့်စည်လင်း၊ တတိယဆုရ အ.ထ.က-ပေါက်တော (Grade-7)မှ မောင်ကောင်းထွဋ်ခိုင်တို့အား တာဝန်ရှိသူများက ဆုချီးမြှင့်ပေးခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)