အင်္ဂပူမြို့၌ ၂၀၂၂ ခုနှစ်(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ သဝဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနားကျင်းပ

အင်္ဂပူ ဖေဖော်ဝါရီ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင် ၂၀၂၂ ခုနှစ်  (၇၅) နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ နိုင်ငံတော်အလံအလေးပြုခြင်း၊ သဝဏ်လွှာ ဖတ်ကြားခြင်းနှင့် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြင့်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ ၁၂ ရက် နံနက် နာရီ  ၃၀ အချိန်က အမှတ်()ရပ်ကွက် ကန်သာယာလမ်းပြည်သူ့ အားကစားကွင်းရှိ လွတ်လပ်ရေးကျောက်တိုင်ကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ထိုအခမ်းအနား၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဂုဏ်ပြုတပ်ဖွဲ့မှ ဦးဆောင်အလေးပြုခဲ့ကြပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော ၂၀၂၂ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက ဖတ်ကြားခဲ့သည်။

အဆိုပါ သဝဏ်လွှာဖတ်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ အတွင်းရေးမှူး ယာယီရဲမှူး သန်းအောင်၊ အဖွဲ့ဝင်() ဗိုလ်မှူး ထွန်းလင်းဇော်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ စစ်မှုထမ် းဟောင်းအဖွဲ့များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား (၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။ ထို့နောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဂုဏ်ပြုချီးမြင့်ခြင်း အခမ်းအနား ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ အဖွဲ့ဝင် ဗိုလ်မှူး ထွန်းလင်းဇော်နှင့် ဌာနဆိုင်ရာအကြီးအကဲများမှ ဆုများချီးမြှင့်ခဲ့ပြီး အားကစားပြိုင်ပွဲ၊ စားပွဲတင်တစ်နစ်၊ ပိုက်ကျော်ခြင်းပြိုင်ပွဲများ ဆက်လက်ကျင်းပမည်ဟု သိရှိရသည်။ ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို အင်္ဂပူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သီသီရှိန်နှင့် ဝန်ထမ်းများက တက်ရောက်လာ ပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)