ကသာ ဖေဖော်ဝါရီ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင် အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက စုပေါင်းရုံးကြီးဝင်းအတွင်း၌ ကျင်းပပြုလုပ်သည်။
ထိုသို့ကျင်းပပြုလုပ်ရာ၌ နံနက်(၅)နာရီ (၃၀)မိနစ်အချိန်တွင် နိုင်ငံတော်အလံတင်အခမ်းအနား ကျင်းပခဲ့ပြီး နံနက်(၇)နာရီ(၄၀)မိနစ်အချိန်တွင် သဝဏ်လွှာဖတ်ပွဲကို ကျင်းပရာ အခမ်းအနား တက်ရောက်လာသူများက နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော ရဲဘော်အပေါင်းအား အလေးပြုကာ နိုင်ငံတောင်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ သဝဏ်လွှာအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က ဖတ်ကြားခဲ့သည်။
အခမ်းအနားတွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားလူမျိုးများနှင့် ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများက တက်ရောက်ကြသည်။
ထို့အပြင် ကသာခရိုင်အတွင်းရှိ မြို့နယ်များတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အနေဖြင့် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကိုလည်း ကျင်းပပြုလုပ်လျက် ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)