ချီဖွေမြို့နယ်၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲကျင်းပ

ချီဖွေ ဖေဖော်ဝါရီ ၁၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အလံတင် အခမ်း အနားကို ယနေ့ နံနက် (၅)နာရီ မိနစ် ၃၀ အချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

အလံတင်အခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပြည်ထောင်စုမြန်မာနိုင်ငံတော် အလံအား တိုင်ထိပ်လွှင့်ထူပြီး တက်ရောက်လာကြသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တိုင်ရင်းသား ယဉ်ကျေးမှုအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များက အလေးပြုခြင်းများ ပြုလုပ်ခဲ့သည်။

ယင်းနောက် နံနက် (၇)နာရီ မိနစ် ၄၀ အချိန်တွင် ချီဖွေမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ သဝဏ်လွှာအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ထွေးက ဖတ်ကြားခဲ့ရာ မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)