ဆိပ်ဖြူ ဖေဖော်ဝါရီ ၁၂
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို ယနေ့နံနက် ၅ နာရီ ခွဲက ဆိပ်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငွေသဲဖြူခန်းမရှေ့၌ ကျင်းပသည်။
ရှေးဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဦးဆောင်၍ တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက နိုင်ငံတော်အလံနှင့်ကျဆုံးလေပြီးသောအာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုကြသည်။
ထို့နောက် နံနက် ၇ နာရီ ၄၀မိနစ် အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငွေသဲဖြူ ခန်းမရှေ့၌ သဝဏ်လွှာဖတ်ခြင်း အခမ်းအနားကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထံမှပေးပို့သည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေး မှူးဦးအောင်ကျော်အေးက ဖတ်ကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ တင်ရောက်လာကြသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ ၇၅နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ကိုဇွဲ(အညာမြေ)