ကျောက်တန်း ဖေဖော်ဝါရီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် သောင်ကြီးကျေးရွာတွင် ပဲတီစိမ်း စိုက်ခင်းများကို စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်ပြီး မိသားစုစီးပွားရေး အဆင်ပြေလျက်ရှိကြောင်း သောင်ကြီးကျေးရွာနေ ပဲတီစိမ်းစိုက်ပျိုးရောင်းချသူ ဦးဝင်းညွန့်ထံမှ သိရသည်။
အဆိုပါပဲတီစိမ်းများကို စပါးများရိတ်သိမ်းပြီး အောက်တိုဘာလမှစတင်ကာစိုက်ပျိုးခဲ့ပြီး ရိတ်သိမ်းပြီး ချိန်တွင် တစ်ဧက ၁၀တင်းနှုန်းထွက်ရှိပြီး ၅ဧကစိုက်ပျိုးခဲ့သည့်အတွက် ၅၀ တင်းထွက်ရှိကြောင်း၊ ပဲတီစိမ်းတစ်တင်းလျှင် ပေါက်ဈေး၄၆၈၀၀ကျပ်နှုန်းဖြင့် ၅၀တင်းအတွက် ၄၃၄၀၀၀၀ကျပ် ဝင်ငွေရရှိကြောင်း၊ ရွက်ဖျန်ဆေးဖိုးနှင့် ပဲခူးလုပ်အားခနုတ်ပါက ၃၀၀၀၀၀၀ကျော်ရရှိပြီး စပါးထက်ပို၍ အကျိုးအမြတ်ရရှိပါကြောင်း ကာလတိုနှင့် နှစ်စဉ်ဝင်ငွေရရှိသဖြင့် ပဲတီစိမ်းများကို လယ်သမားတိုင်း စမ်းသပ်စိုက်ပျိုးသင့်ပါကြောင်း ဦးဝင်းညွန့်ထံမှ သိရှိရသည်။
မြိုနယ် ပြန်/ဆက်